ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက် 
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မြို့သန့်ရှင်းသာယာ လှပရေးနှင့်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့နည်းစေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီးစုပေါင်းအမှိုက်ကောက်ခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
   ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့အုပ်ချုပ်ရေးမှူးဦးနေ‌‌ဇော်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများပူးပေါင်းပြီး မြို့သန့်ရှင်းသာယာလှပရေး၊စည်း ကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျှော့နည်းစေရေးနှင့်စနစ်တကျ အမှိုက်စွန့်ပစ်သည့်အလေ့အထများ ရရှိစေရန်အတွက်  ကျီခါးမြို့ မိုးလုံလေလုံအား ကစားခန်းမှစတင်၍မြို့အထွက် မြန်မာ-အိန္ဒိယ နယ်စပ်ခင်းမန်းကျေးရွာ လမ်းအထိ ဗိုလ်ချုပ်လမ်းမတစ်လျှောက်နှင့်သတ္တမနေ့အသင်းတော် ဘုရားရှိခိုးကျောင်းရှေ့မှ မြို့လယ်လမ်းဆုံနာရီစင်အထိ တောင်ဇလပ် လမ်းတစ်လျှောက်ရှိလမ်း‌မပေါ်နှင့်ရေနုတ်မြောင်းများမှ စွန့်ပစ်အမှိုက်များအား  စုပေါင်းကောက်ခဲ့ကြပြီး  စည်ပင်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပြင်အမှိုက်စွန့်ပစ်နေရာသို့  စနစ်တကျစွန်ပစ်ခဲ့ကြောင်းသိရသည်။ 
 
                                         
စာစုများ -