ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးစီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉နာရီအချိန်က COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ Mask Campaignကို ဟားခါးမြို့၊ လမ်းဆုံနေရာများနှင့် ရာလ်ဒွန်းစျေးများတွင် Maskတပ်ဆင်ခြင်းမရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Maskတပ်ဆင်သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ဆောင်ရွက်ခဲ့ကြရာပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Mask Campaignကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ရက်နေ့အထိ တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့်နေ့ရက်သတ်မှတ်၍ (၁၄)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူများအားမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးစီမံချက်(Mask Campaign )ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!