ဟားခါးမြို့တွင်းရေဖြန့်ဝေပေးသည့် ဂါလံ(၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေးလုပ်ဆောင်ပြီးနောက် နိုဝင်ဘာ ၂၀ရက်နေ့တွင် သောက်သုံးရေများ ပြန်လည်ရေသွင်းပေးပြီ ဖြစ်ကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင် းသိရှိရသည်။
ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေကန်အတွင်းရှိ နုန်းသဲများခပ်ထုတ်ပေးခြင်း၊ ရေကန်သန့်ရှင်းအောင် ဆေးကြောခြင်း အပါအဝင် ပြည်သူများသောက်သုံးရေ သန့်ရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ရေစစ်ကန်သန့်ရှင်းရေးကိုဆောင်ရွက် ပေးခဲ့ပြီးဖြစ်၍ ပြည်သူများ သောက်သုံးရေအလျင်အမြန်ပြန်လည်ရရှိနိုင်ရန်အတွက် ရေသွင်းပေးပြီးသောက်သုံးရေဖြန့်ဝေခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
အဆိုပါရေစစ်ကန်ကို ဟားခါးမြို့တွင်းရှိ ရပ်ကွက်အားလုံးတွင် သန့်ရှင်းသည့်သောက်သုံးရေ ဖြန့်ဝေပေးသည့် ရေစစ်ကန်ကြီးဖြစ်ကြောင်း၊ ဟားခါးမြို့သီးမစ်ချောင်းမှ ရေများကို အဆိုပါရေစစ်ကန်တွင် ရေသန့်စင်စေပြီးမြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေခြင်း ဖြစ်ကြောင်း၊ အဆိုပါရေစစ်ကန်သည်ဂါလံ(၄)သိန့်ဆံ့ကြောင်း ဟားခါးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဟားခါးမြို့တွင်းရေဖြန့်ဝေပေးသည့် ဂါလံ(၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး လုပ်ဆောင်ပြီးစီး၍ သောက်သုံးရေများ ပြန်လည် ရေသွင်းပေးဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!