ခိုင်ကမ်း နိုဝင်ဘာ ၂၃
ချင်းပြည်နယ် ၊ဖလမ်းခရိုင် ၊တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်ရောဂါရှိမရှိ နေ့စဉ်စစ်ဆေးလျှက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် ၂၅ ဦီး ကို Test Kitဖြင့်စစ်ဆေးရာမှ ကလေး မှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်မောင်းနှင်မည့်ယာဉ်နောက်လိုက်တစ်ဉီးတွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ကြောင်း သိရသည် ။
အဆိုပါ ပိုးတွေ့ရှိသူယာဉ်နောက်လိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ညောင်ပင်သာရပ်ကွက်တွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ်ရှိသူဖြစ်သည်။ပိုးတွေ့ရှိသူတွင် အတူနေ မိသားစုဝင် ၂ ဉီးရှိကြောင်းသိရှိရသည်။
ပိုးတွေ့ရှိသူယာဉ်နောက်လိုက်အား စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးဆေးရုံသို့ ပို့ဆောင်ဆေးကုသ သွားမည်ဖြစ်ကြောင်းသိရှိရသည်။ပိုးတွေ့ရှိသူ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။
ခိုင်ကမ်းပြန်/ဆက်