ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ တင်းနစ်ကစားကြရန် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က မှာကြား

ဟားခါး                   နိုဝင်ဘာ                 ၂၃

ဟားခါးမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တင်းနစ်ကစားသူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ တင်းနစ်ကစားကြရန် နိုဝင်ဘာ ၂၁ရက်နေ့က ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့်တာဝန်ရှိသူများက  တင်းနစ်ကစားကွင်းသို့သွားရောက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။

 အဆိုပါ တင်းနစ်ကစားရာတွင် တင်းနစ်ကွင်းသို့ လူဦးရေ(၆) ဦးထက်မပိုဘဲ ဝင်ရောက်ကစားရန်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အချိန်ခွဲ၍ ကစားရန် အပါအဝင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ကစားရန်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။

ဟားခါးခရိုင်(ပြန်/ဆက်)

စာစုများ -