ကျီခါး နို၀င်ဘာ၂၄
ချင်းပြည်နယ် ၊ဖလမ်းခရိုင် ၊ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီးဦးပေါင်လွန်းမင့် ထန်၏စီစဉ်မှုဖြင့် လူအယောက်(၂၀)ဆန့် Facility Quarantine Center အဆောက်အဦဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါနေရာအတွက် မြေနေရာပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျီခါးမြို့ ကိုဗစ်ကော်မတီအဖွဲ့မှ သိရသည်။ ကျီခါးမြို့တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှနေ ရပ်ပြန်များအား မြန်မာ-အိန္ဒိယနယ်စပ်ခင်မန်းဂိ တ်မှတစ်ဆင့် စနစ်တကျလက်ခံ၍ ကျီခါးမြို့ မိုးလုံလေလုံအားကစားခန်းမ၌ အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်ထားလျ က်ရှိရာ အဆိုပါနေရပ်ပြန်များ ထားရှိမည့်Quarantine Centerနေရာ အခက်အခဲမရှိအဆင်ပြေစေရန်အတွက် ပြည်နယ်လူမှုရေး၀န်ကြီး၏ စီစဉ်ပေးမှုဖြင့် ကျီခါးမြို့ တိုက်နယ်ဆေးရုံအနီး၌ လူအယောက်( ၂၀ )ဆန့် အတိုင်းအတာ (၁၂၀×၈×၈)ပေ ၊သွပ်မိုး၊သွပ်ကာ ၊ပျဉ်ခင်းတစ်ထပ်အဆောက်အဦ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင်မြေနေရာပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့်အဆောက်အဦဆောက် လုပ်ပြီးစီးသွားပါက နေရပ်ပြန်များထားရှိဆောင်ရွက်ရေး ပိုမိုအဆင် ပြေလာမည်ဖြစ်ကြောင်းသိရသည်။