တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 69376 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

တီးတိန်        နိုဝင်ဘာ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case -69376 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နေလည် ၁၁ နာရီ ၅၀မိနစ် က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၄င်းပိုးတွေ့လူနာသည် ပလက်ဝ မြို့နယ်နေ အသက် (၁၉)နှစ်အရွယ် အမျိုးသားဖြစ်သည်။ တီးတိန်ပြုသူ့ဆေးရုံ၌ ယခု လတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ(၂)ဦး ဆေးကုသမှခံယူဆဲဖြစ်ကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -