တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးဆေးကုသမှုခံယူ

တီးတိန်     နိုဝင်ဘာ    ၂၄

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ တစ်ဦးသည် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက ဆေးကုသမှု ခံယူရန် ရောက်ရှိကြောင်း  သိရသည်။

    ၄င်းပိုးတွေ့လူနာသည် မလေးရှားနိုင်ငံမှ ပြန်လာ၍ တီးတိန်မြို့ အထက- ၁ တွင် Facility Quarantine ဝင်ရောက် ခဲ့ပြီး ယခုအချိန်တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ အသွား/အလာ ကန့်သတ်ဆေးကုသမှုခံယူသည်။

    အဆိုပါပိုးတွေ့လူနာသည် တီးတိန် မြို့နယ်၊တွီးကျင့်လွီးကျေးရွာနေအသက် (၂၆)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

တီးတိန်(ပြန်/ဆက်)

စာစုများ -