ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှနေရပ်ပြန်(၂)ဦးထပ်မံ၀င်ရောက်  
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်၀င်ရောက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့  ထပ်မံ၀င်ရောက်လာကြောင်း သိရသည်။
   ယနေ့ထပ်မံ၀င်ရောက်လာသည့် နေရပ်ပြန်(၂)ဦးမှာ ချင်းပြည်နယ်၊တွန်းဇံမြို့နယ်၊ဟိုင်ကျင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ်အမျိုးသမီး (၁)ဦးနှင့်ခွေဗွမ်းကျေးရွာမှ အသက် (၃၇)နှစ်ရွယ် အမျိုးသား (၁)ဦး စုစုပေါင်း(၂)ဦးဖြစ်ပြီး အဆိုပါနေရပ်ပြန်(၂)ဦး အားကျီခါးမြို့ ကိုဗစ်- ၁၉ရောဂါကာကွယ် ၊ထိန်းချုပ်၊ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့မှ ကျီခါးမြို့ Facility Quarantine   Center ၌  အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိကြောင်းနှင့်လက်ရှိတွင်အိန္ဒိယနိုင်ငံမှနေရပ်ပြန်လာပြီး ကျီခါးမြို့ ၌ Quarantine၀င်ရောက်သူ စုစုပေါင်း(၁၅)ဦးရှိကြောင်း ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
စာစုများ -