တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 72460 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case -72460 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နေ့လည် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
၄င်းပိုးတွေ့လူနာသည် တီးတိန် မြို့နယ်၊လိုင်လိုးကျေးရွာနေ အသက် (၁၇)နှစ်အရွယ်အမျိုးသားဖြစ်သည်။
တီးတိန်ပြည်သူ့ဆေးရုံ၌ ယခု လတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ (၁) ဦး ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း၊၄င်း၏ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -