တီးတိန််၌ Facility Quarantine ဝင်ရောက်သူ (၁၂)ဦးကျန်းမာရေးကောင်း မွန်သဖြင့် အိမ်ပြန်ခွင့်ပြု

ချင်းပြည်နယ်၊တီးတိန်မြို့ အထက -၁Facility Quarantine Center ၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသည့် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၆) ဦးတို့မှာ ၄င်းတို့၏Swab များ (နှစ်)ကြိမ်စစ်ဆေးခဲ့ရာ ရောဂါလဏ္ခာ ပေါ်ပေါက်ခြင်းမရှိသဖြင့် ကန့်သတ်ရက်ပြည့်ပြီဖြစ်၍ ယနေ့နံနက် ၁၀ နာရီက ထောက်ခံချက်လက် မှတ်များပေးအပ်ကာ အိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
ထိုသူတို့မှာ ဖလမ်းမြို့၌ ပိုးတွေ့ရှိသူ ဆွောင်းဖေကျေးရွာနေ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့သူများဖြစ်သည်။
တီးတိန်မြို့ အထက- ၁ တွင် ယခုလတ်တလောအချိန်၌ ပြည်တွင်းပြန် အမျိုး(၈)ဦး၊အမျိုးသမီး(၆)ဦး၊စုစုပေါင်း (၁၄)ဦးတို့အား အသွားအလာကန့်သတ်၊စောင့်ကြပ်ကြည့်ရှုထားဆဲဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -