တီးတိန်မြို့နယ်၊အန်းလန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

တီးတိန်      နိုဝင်ဘာ       ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊(အိန္ဒိယ-မြန်မာချစ်ကြည်ရေး)အိန္ဒိယနိုင်ငံမှ စတုတ္ထအကြိမ်ထောက်ပံ့ရန်ပုံငွေဖြင့် တည်ဆောက် သည့် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊အန်းလန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ် ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနေပြည်သူများ ဝမ်းသာလျက်ရှိကြောင်းသိရသည်။

     အဆိုပါကျောင်းဆောင်သစ်သည်(၉၀×၃၀×၁၂)ပေ၊RCC နှစ်ထပ်ဖြစ်ပြီးခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒသမ ၀၁၈သန်းဖြင့် 3-Brother Star ကုမ္ပဏီ က ၁၃.၁.၂၀၂၀ရက်နေ့မှ စတင်၍ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းတီးတိန်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။

တီးတိန်(ပြန်/ဆက်)

စာစုများ -