ရိခေါ်ဒါရ် ဒီဇင်ဘာ၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ လေးဦးတို့အား ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ နိုဝင်ဘာ ၃၀ ရက်က RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ လေးဦးတို့ စစ်ဆေးမှုအဖြေမှာ Negative ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ လေးဦးတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခဲ့ရာမှ မိမိနေရပ်သို့ ပြန်လာသူများဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လက်ပံချောင်းကျေးရွာ၌ နေထိုင်သူများဖြစ်ကြောင်း၊ အဆိုပါနေရပ်ပြန်လာသူ လေးဦးတို့သည် နိုဝင်ဘာ ၁၈ ရက်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ပြည်ပမှ ပြန်လာသူများကြိုဆိုလက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ အသွားအလာကန့် သတ်စောင့်ကြည့်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre၌ လက်ရှိအခြေအနေတွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူဦးရေ (၁၁)ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။