ခိုင်ကမ်း ဒီဇင်ဘာ ၁၆
ခိုင်ကမ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့်ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်းသိကောင်းစရာ Talk show ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ပါသည်။
Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝုန်လွန်းညောင် က Talk Show ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့လျှပ်စစ်တာဝန် ဦးဒိုလျန်းခိုင်မှ လျှပ်စစ်စီးဆင်းမှု ၊ မြို့အတွင်းလျှပ်စစ်ပေးဝေမှုနှင့် လျှပ်စစ်အသုံးပြုသူအများစု အိမ်ထောင်ရှင်အမျိုးသမီးများအများဆုံး ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်လိုက်ခြင်း၊ ရုံးဌာနများတွင် အများဆုံး ကြုံတွေ့နေကြရသည့် လျှပ်စစ်အန္တရာယ်၊ ကလေးသူငယ်များတွင် ကြုံတွေ့ရသည့် မိဘများသတိမမူမိသည့် လျှပ်စစ်အန္တရာယ်များအကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။