ခိုင်ကမ်း ဒီဇင်ဘာ ၁၆
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများတင်ဒါအောင်မြင်သူစာရင်းကို မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့ပါသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ခိုင်ကမ်းမြို့တွင် ကျပ်သန်း(၁၀၀)အထက် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းနှစ်ခုမှ ခိုင်ကမ်းလမ်းမကြီး(၅၂၈၀’×၁၈’)ပေအား ကတ္တရာခင်းခြင်းကို ပန်းလိပ်ပြာကုမ္ပဏီနှင့် Myanmar Power Solotionကုမ္ပဏီတို့က တင်ဒါအောင်မြင်ခဲ့ပြီး၊ မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွားလမ်း(၁၃၀၀’×၁၈’)ပေအား ကွန်ကရစ်ခင်းခြင်းကို Van Zion နှင့် Nat Mauk Hlawn Moe ကုမ္ပဏီတို့က တင်ဒါအောင်မြင်ခဲ့ကြကြောင်းသိရှိရသည်။
ယင်းတင်ဒါအောင်မြင်သည့်စာရင်းများကို ဌာနတွင်း ကြော်ငြာသင်ပုန်းတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းများတွင် အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထားကြောင်းသိရှိရသည်။