ဟားခါးကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား Mask အခမဲ့ဖြန့်ဝေခြင်းနှင့်ပိုစတာများကပ်ခြင်း၊ လက်သန့်ဆေးရည်ဗူး လှူဒါန်းခြင်းများ ဆောင်ရွက်ပေး

ဟားခါး     ဒီဇင်ဘာ     ၁၈

ဟားခါးမြို့နယ်၊ လောက်လုံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပြည်သူများအား Mask အခမဲ့ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့်ကျန်းမာ‌ရေးအသိပညာပေးလုပ်ငန်းများကို ဒီဇင်ဘာ ၁၇ရက်နေ့ကဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ချင်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးရာလ်ခမ်း ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်(၁၁)ဦးတို့မှ ပြည်သူများအား Mask (၂၀၀) အခမဲ့လိုက်လံဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် လောက်လုံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် Hand gel (၈)ဘူးနှင့် Mask (၁၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

စာစုများ -