ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိရာ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူသူ(၁၃)ဦးအထိရှိလာ

ဟားခါး     ဒီဇင်ဘာ     ၁၈

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦး ရောဂါပိုးထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူသူ(၁၃)ဦးအထိရှိလာကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

          အဆိုပါ COVID-19 ​ရောဂါပိုးထပ်မံတွေ့ရှိသူ အမျိုးသား(၁)ဦးမှာ ရန်ကုန်မှ ဝင်ရောက်လာကာ ဟားခါးမြို့ လူငယ်သင်တန်းကျောင်း Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်းနှင့် ပထမအကြိမ်တွင် Swabနမူနာ ဓါတ်ခွဲစစ်ဆေးရာ ရောဂါပိုးမရှိသော်လည်း ဒုတိယအကြိမ်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသွားများအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ်ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ(၁)ဦးထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ရောဂါပိုးတွေ့ရှိ၍ ဆေးကုသခံယူနေသော ကျန်ရှိသူစုစုပေါင်း(၁၃)ဦးအထိရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -