ချင်းပြည်နယ်အစိုးရအဖွဲ့ ‌လူမှုရေး၀န်ကြီးဦး‌ပေါင်လွန်းမင့်ထန် ကျီခါးမြို့ Quarantine Centerအသစ်‌ဆောက်လုပ်ပြီးစီးမှုနှင့် (အ.ထ.က) ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာများအား ကြည့်ရှုစစ်ဆေး

ကျီခါး     ဒီဇင်ဘာ     ၂၄

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌  ရောက်ရှိနေသည့် ပြည်နယ်အစိုးရအဖွဲ့  လူမှုရေး၀န်ကြီး  ဦးပေါင်လွန်းမင့်ထန်သည်  ကျီခါးမြို့ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့မွန်းတည့်(၁၂) နာရီအချိန်က  Facility  Quarantine   Centerအသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့်ကျီခါးမြို့အ.ထ.ကကျောင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်မည့်အခြေအနေများအား လိုက်လံ  ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
    ရှေးဦးစွာ လူမှုရေး၀န်ကြီးသည် ကျီခါးမြို့တိုက်နယ်ဆေးရုံ၀န်း၌ နေရပ်ပြန်များအား ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်ထားရှိနိုင်ရေး အတွက် အသစ်ဆောက်လုပ်ထားရှိသည့်Facility Quarantine Centerအဆောက်အဦဆောက်လုပ်ထားရှိမှုအခြေအနေနှင့်နေရပ်ပြန် များစတင်ထားရှိဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ပြီး အဆိုပါQuarantine Centerအသစ်၌ ကျန်းမာရေးစောင့်
ကြည့်ခံထားရသည့်နေရပ်ပြန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍အားပေး စကားပြောကြားပါသည်။ထို့နောက် ကျီခါးမြို့(အ.ထ.က)ကျောင်း၌ ကျောင်းဆောင်သစ်(၃)ထပ်ဆောင်( အတိုင်းအတာ ၃၀'× ၁၄၀' ) အဆောက်အဦဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ 
သည်။    
     ၀န်ကြီးနှင့်အတူကျီခါးမြို့အုပ်ချုပ်ရေးမှူးဦးနေဇော်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ပါ၀င်ခဲ့ကြကြောင်းသိရသည်။ 
စာစုများ -