တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများ လာရောက် လှူဒါန်းပေးလျက်ရှိ

တွန်းဇံ     ဒီဇင်ဘာ    ၂၄

ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓါတ်ခွန်အား၊ ကိုယ်ကာယခွန်အားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။

       တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာများ ဆေးကုသမှုခံယူလျက်ရှိသည့်  Isolation Room တွင် အသုံးပြုရန်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေနှင့်ပစ္စည်းများကို စေတနာရှင် ပြည်သူများမှ ဆက်လက် လာရောက်လှူဒါန်းပေးလျက်ရှိသည်။ (၂၃-၁၂-၂၀၂၀)ရက်နေ့တွင် Global Zomi Alliance (G.Z.A) အဖွဲ့အစည်းမှ တွန်း‌ဇံမြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် (WiFi machine တပ်ဆင်ရန်)နှင့် မြို့နယ်ပြည်သူ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများအား ကိုယ်ကာယခွန်အားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် ဝန်ထမ်းများအား ခရစ္စမတ် Dinner စီစဉ်နိုင်ရေးအတွက် အလှူငွေကျပ် (၁၀)သိန်းတိတိကိုလည်းကောင်း၊ တွန်းဇံမြို့ ခေါဝုန်/လေးဆန် ရပ်ကွက်နေ AGAPE-2 Child Development Centre မိသားစုမှ တွန်းဇံမြို့နယ်ဆေးရုံ Isolation Room အတွက် လိုအပ်သော လျှပ်စစ်ရေနွေးအိုး(၅)လုံး၊ ခေါင်းအုံး(၁၀)လုံးနှင့် ခေါင်းအုံးစွပ်(၁၀)ခုကိုလည်းကောင်း(၂၄-၁၂-၂၀၂၀) ဦးအောင်သင်း(A.E)(ကျေးလက်လမ်းဦးစီးဌာန)မိသားစုမှ တွန်းဇံမြို့နယ်ဆေးရုံ COVID-19 positive လူနာရှင်များအသုံးပြုနိုင်ရန်အတွက် Blanket အနွေးစောင် (၂)ထည် အသီးသီးလာရောက်လှူဒါန်းပေးလျက်ရှိကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနကလည်း အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်လျက်ရှိကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်ထံမှ သိရသည်။

စာစုများ -