တွန်းဇံ ဒီဇင်ဘာ ၂၅
တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ပရိဘောဂများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့က Save The Children အသင်းအဖွဲ့မှ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက် လုပ်ငန်းများအတွက် အသုံးပြုရန်နှင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Save The Children အသင်းအဖွဲ့မှ ပရိဘောဂများကို လာရောက် လှူဒါန်းပေးလျက်ရှိသည်။ အဆိုပါပရိဘောဂများတွင် ငွေကျပ်(၁၇၀၀၀၀/-)တန်ဖိုးရှိ သစ်သားဘီဒို(၁)လုံး၊ ငွေကျပ်(၁၀၀၀၀၀/-)တန်ိဖိုးရှိ စားပွဲ(၁)လုံး၊ ငွေကျပ်(၂၃၀၀၀-/)တန်ဖိုးရှိ လက်တင်မဲ့ကုလားထိုင်(၁)လုံးနှင့် အလျား(၆)ပေ၊ အနံ(၃)ပေရှိ နံရံကပ်ပြဘုတ်(၁)ခု တို့အား လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။