ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ကျီခါးမြို့ဘောလုံးကွင်းအဆင့်မြှင့်တင်မည့်အခြေအနေနှင့် ခေါဒမ်ကျေးရွာ(အ.မ.က)ကျောင်းဆောင်သစ်ဆောက်လုပ်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး
ကျီခါး           ဒီဇင်ဘာ၂၅
ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်သည်  ယနေ့နံနက်(၉)နာရီအချိန်က တာ၀န်ရှိသူများလိုက်ပါလျက် ကျီခါးမြို့မ ဘောလုံးကွင်းအဆင့်မြှင့်တင်မည့်အခြေအနေနှင့်ခေါဒမ်ကျေးရွာ (အ.မ.က)ကျောင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင် တွန်းဇံမြို့နယ်၊ကျီခါးမြို့ ၊ ခေါဒမ်ကျေးရွာ အ.မ.ကကျောင်း၌ ကျောင်းဆောင်သစ်ဆောက်လုပ်မည့်‌မြေနေရာ လျာထားမှုအခြေအနေများနှင့်ပတ်သက်၍သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ယင်းနောက် ကျီခါးမြို့မဘောလုံးကွင်း အဆင့်မြှင့်တင် မည့်အခြေအနေနှင့်ပတ်သက်၍ ဘောလုံးကွင်းအား သတ်မှတ်စံချိန် အတိုင်းအတာပြည့်မီ‌အောင်တိုးချဲ့ဆောင်ရွက်ရေးနှင့်ပွဲကြည့်စင် တည်ဆောက်မည့်အခြေအနေများနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  
စာစုများ -