ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါပိုးတွေ့အ တည်ပြုလူနာ Case -117487၊Case -117488၊Case- 117489၊Case-117490၊Case- 117491၊Case- 117492၊Case- 117494 နှင့် Case -117495 တို့သည်ကျန်းမာရေးကောင်းမွန်သဖြင့် ဒီဇင် ဘာ ၃၁ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင် းသိရသည်။
၄င်းပိုးတွေ့လူနာတို့သည် တီးတိန်မြို့နယ်၊တွီးထန်ကျေးရွာတွင် နေထိုင်သူ အသက် (၆၅)နှစ်အရွယ်အမျိုး သားတစ်ဦး၊အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၂၆)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက်(၅၈)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက်(၃၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် (၁၁)နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။
ယခုလတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၄)ဦးနှင့်အမျိုး သမီး (၃)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။