တီးတိန်၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဆောင်၍ တီးတိန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းပွဲ ပြုလုပ်

တီးတိန်         ဇန်နဝါရီ၅

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ဦးဆောင်၍ တီးတိန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းပွဲကို ဇန်နဝါရီ  ၄ ရက် ည ၇ နာရီက တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။ရှေးဦးစွာ လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားရာတွင် ကိုဗစ်- ၁၉ ကာလမှာကြုံတွေ့ရသည့် အခက်အခဲများ၊စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်းပေးရန် ချင်းပြည် နယ်အစိုးရကိုယ်စား လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊တွီးထန်ကျေးရွာတွင်ဖြစ်ပေါ်နေသော ကိုဗစ်- ၁၉ရောဂါအ ကြောင်းများ၊စေတနာ့ဝန်ထမ်းများ၏ဆောင်ရွက်မှုအခြေအနေများနှင့် ပြန်လည်အားထည့်ပြီးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အားကိုအဓိကယူရမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ တီးတိန်မြို့နယ်အုပ် ချုပ်ရေးမှူး ဦးလှစိုးက တီးတိန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ထို့နောက်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် စေတနာ့ဝန်ထမ်းများ၏ ဆွေး နွေးတင်ပြချက်များကို လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့ ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့် တီးတိန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် ထောက်ပံံ့ငွေကျပ် (၁၀) သိန်းနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို လူမှုရေးဝန်ကြီးက တာဝန်ရှိ သူများထံသို့ လွှဲပြောင်းပေးအပ်သည်။ လုပ်ငန်းညှိနှိုင်းပွဲတွင် လူမှုရေးဝန် ကြီးဦးပေါင်လွန်းမင့်ထန်၊ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင် တီးတိန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စာစုများ -