တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၃)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်       ဇန်နဝါရီ၇

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါပိုးတွေ့အ တည်ပြုလူနာ Case -121997၊Case-121998 နှင့် Case -122131 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ဇန်နဝါ ရီ  ၇ ရက် (ယနေ့)နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၄င်းပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်တွင် နေထိုင်သူ အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင်နေထိုင်သူ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ခိုင်ကမ်းမြို့တွင် နေထိုင်သူ အသက် (၅၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ ယခုလတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -