ဟားခါး ဇန်နဝါရီ ၉
ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသလျှက်ရှိသည့် COVID-19 ပိုးတွေ့လူနာများအတွက် ဇန်နဝါရီ ၉ ရက် နေ့လယ် ၁နာရီအချိန်က ချင်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲမှူး ဦးကျုံဟူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ သောက်ရေသန့်များနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသလျှက်ရှိသည့် COVID-19 ပိုးတွေ့လူနာများအတွက် နှာခေါင်းစည်း Mask (၂၀၀)၊ လက်အိတ် Glove(၁၀၀)၊ လက်သန့်ဆေးရည် Hand Gel(၉)ဘူး၊ သောက်ရေသန့် (၄)ကဒ် တို့ကို သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးမြှင့် တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခ ကျရောက်သူများအားကူညီရန် စသည့် လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။