တီးတိန် ဇန်နဝါရီ ၁၀
ချင်းပြည်နယ်၊တီးတိန်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀- ၂၀၂၁ခု၊ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့် လုပ်ငန်းဆောင်ရွက်မည့်တင်ဒါအောင်မြင်သည့်စာရင်း (၉)ခုကို သက်ဆိုင်ရာကုမ္ပဏီနှင့် အများပြည်သူသိရှိနိုင်ရန်ကြေညာကပ်ထားကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မည့်လုပ်ငန်းများတွင် ငွေကျပ်သန်း(၁၀၀)အထက်တင်ဒါလုပ်ငန်းတစ်ခုဖြစ်သည့်စည်ပင် ဝန်ထမ်းအိမ်ယာ (၁၁၂×၃၀×၂၄)ပေ၊(၄)ခန်းတွဲ RC နှစ်ထပ်ကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၂၇၄ ဒသမ ၅၁၀ဖြင့် Ancient Brother ကုမ္ပဏီက လည်းကောင်း၊ငွေကျပ် သန်း (၁၀)နှင့်သန်း(၁၀၀) အကြား တင်ဒါလုပ်ငန်း (၄)ခုတွင် နေစုလမ်း (၆၆၀×၁၂)ပေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၁၉ ဒသမ ၄၉၇ဖြင့် ထန်(၃)လုံးကုမ္ပဏီက လည်းကောင်း၊ လွယ်ဘွာလ်းရပ်ကွက်၊ အကောက်ခွန်ဂိတ်မှ အထက -၂ သွားလမ်း၊ လေးလုမ်းရပ်ကွက်၊ သစ်တောရုံးအထိ (၂၈၇၈×၁၀)ပေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၇၀ ဒသမ၈၁၀ ဖြင့် Thuam Vum ကုမ္ပဏီက လည်းကောင်း၊ ကားကြီး/ကားလေးဝင်းတည်ဆောက်ခြင်းနှင့် (၁၀၅၆၀×၂၁)ပေ၊ လမ်းသစ်ဖောက်လုပ်ခြင်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၂၉ ဒသမ ၇၇၉ ဖြင့်Neighbor Hood ကုမ္ပဏီက လည်းကောင်း၊ မြို့မရပ်ကွက် (၄၇၆×၁.၅×၂)ပေ၊ ရေမြောင်းပြုလုပ်ခြင်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၁၄ ဒသမ ၉၁၉ ဖြင့်Olive Kip ကုမ္ပဏီက လည်းကောင်း၊ ငွေလုံးငွေရင်း ကျပ်သန်း (၁၀)အောက် Quatation လုပ်ငန်း (၄)ခုတွင် လေးလုမ်းရပ်ကွက်၊ ထန်ဟိုလမ်း (၁၇၂×၁၀) ပေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၄ ဒသမ ၂၃၀ ဖြင့် GL ကုမ္ပဏီကလည်းကောင်း၊ လေးလုမ်းရပ်ကွက် အိမ်ကြားလမ်း (၂၃၀×၆)ပေ၊ကွန်က ရစ်ခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း၅ ဒသမ ၅၀၀ ဖြင့် BMS ကုမ္ပဏီက လည်းကောင်း၊ လေးလုမ်းရပ်ကွက်တွင် (၁၁၅×၁.၅×၁.၅) ပေ၊ အိမ်ကြားရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၃ ဒသမ ၃၀၀ ဖြင့် Ever Green Landကုမ္ပဏီကလည်းကောင်း၊ မြို့မရပ်ကွက်တွင်(၂၇၅ပေ×၉လက်မ×၁.၅ ပေ)အိမ်ကြားရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်စျေးနှုန်း ကျပ်သန်း ၃ ဒသမ ၃၅၀ဖြင့်TMP ကုမ္ပဏီက လည်းကောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီနှင့် အများပြည်သူသိရှိနိုင်ရန် ကြေညာထားကြောင်း တီးတိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။