ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လူနေအိမ်(၃)လုံးမီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး

ဟားခါး     ဇန်နဝါရီ    ၁၀

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် လျှပ်စစ်အပူပေးစက်( Electornic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး ဇန်နဝါရီ ၉ရက် ည ၁၁နာရီ မိနစ် ၂၀အချိန်က လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ဟားခါးမြို့၊မြို့သစ်ရပ်ကွက် အိမ်ရှင် ဦးကီယိုလိန်း၊ အိမ်ငှား ဦးသန်းဝင်း၏ (၄၀×၂၆) သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း(၂)ထပ် နေအိမ် အိပ်ခန်းအတွင်း လျှပ်စစ်အပူပေးစက် ( Electornic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှ နေအိမ်ကပ်လျက်ရှိသည့် လူနေအိမ်(၂)လုံး ထပ်မံမီးကူးစက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုတွင် အိမ်ငှား ဦးသန်းဝင်း အသက်(၃၆)နှစ် သေဆုံးခဲ့သဖြင့် ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် ဟားခါးပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ရာ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ မြို့နယ်မီးငြိမ်းသတ် ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးငြိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပြည်နယ်အုပ်ချုပ်မှု ယာဉ်(၁)စီး၊ စုစုပေါင်း(၈)စီး အသုံးပြု၍  မီးငြိမ်းသတ်ပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ မီးဘေးဒုက္ခသည် မိသားစုဝင်(၆)ဦးအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ နေရာချထားပေးခဲ့ကြောင်း ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်ထံမှ သိရှိရသည်။

စာစုများ -