ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လူနေအိမ်(၃)လုံးမီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခြင်းအတွက် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ဟားခါး    ဇန်နဝါရီ     ၁၀

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် ဇန်နဝါရီ ၉ရက် ည ၁၁နာရီ မိနစ် ၂၀အချိန်က အိမ်ရှင် ဦးကီယိုလိန်း၊ အိမ်ငှား ဦးသန်းဝင်း၏ (၄၀×၂၆) သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း(၂)ထပ် နေအိမ် အိပ်ခန်းအတွင်း လျှပ်စစ်အပူပေးစက် ( Electornic Heater)သုံးစွဲရာမှအပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှ နေအိမ်ကပ်လျက်ရှိသည့် လူနေအိမ်(၂)လုံး ထပ်မံမီးကူးစက် မီးလောင်မှုဖြစ်ပွားခဲ့၍ အိမ်ငှား ဦးသန်းဝင်း အသက်(၃၆)နှစ် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုများအား ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲအချိန်က  ပြည်နယ် လွှတ်တော် ဉက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး​ရွှေထီးအိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်ဉပဒေချုပ် ဉီးဆန်နီထန်ကျုံး ၊ ဟားခါးခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကိုဉီး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဉီးမြင့်ဉီးနှင့်အတူ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊မြို့သစ်ရပ်ကွက်သို့ သွားရောက်၍ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။

          အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ အိမ်ငှား ဦးသန်းဝင်း သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်း၊ မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ်(၃)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်စုစုပေါင်း (၁၂)သိန်း ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ အိမ်ငှား ဦးသန်းဝင်း သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်း၊ မီးဘေးသင့် အိမ်ထောင်စု (၃)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေကျပ်(၂)သိန်း နှုန်းဖြင့်လည်းကောင်း၊ ဆန်ရိက္ခာအတွက် ငွေကျပ်(၂၁၀၀၀) ထောက်ပံ့ငွေကျပ်စုစုပေါင်း(၉၂၁၀၀၀)နှင့်  မီးဘေးသင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရှိရသည်။

စာစုများ -