တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၂၂)ဦး ထပ်မံတိုးလာ

တီးတိန်             ဇန်နဝါရီ၁၁

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ(၂၂)ဦးထပ်မံတိုးလာကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။  ၄င်းတို့မှာ တီးတိန်မြို့နယ်၊ဆွောင်းဖေကျေးရွာနေ အသက် (၃၇)နှစ်အ ရွယ် အမျိုးသားတစ်ဦး၊တီးတိန်မြို့၊လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊တီးတိန်မြို့၊စကောလမ်းရပ်ကွက်နေ အသက် (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၁၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊အသက် (၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၁၀) အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၁၂) နှစ်အရွယ် အမျိုးသားတစ်ဦး၊အသက် (၇) နှစ်အရွယ် အမျိုးသားတစ်ဦး၊အသက် (၈) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် (၅၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် (၈၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက်နှင့် အသက် (၅၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊တီးတိန်မြို့နယ်၊အန်းလန်းကျေးရွာနေ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၁၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် (၅၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် (၇၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၁၆) နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အသက် (၇၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တီးတိန်မြို့နယ်၊လိုင်လိုးကျေးရွာနေ အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ အဆိုပါပိုးတွေ့သူများကို ဇန်နဝါရီ ၁၁ ရက်(ယနေ့)တွင် ၄င်းတို့၏ swabနမူနာများကို ဓာတ်ခွဲစစ်ဆေးရာ၌ Positive ထွက်ရှိကြောင်း၊၄င်းတို့ကို တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမည်ဖြစ်ပြီး ယခု လတ်တလောအချိန်တွင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အဆိုပါ (၂၂)ဦးအပါအဝင် ပိုးတွေ့လူနာ(၄၇)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စာစုများ -