ချင်းပြည်နယ် Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဟားခါး                   ဇန်နဝါရီ၁၂

ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ဇန်နဝါရီ ၁၁ ရက် နေ့လယ်  ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် (COVID-19)ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြသည့် ကော်မတီအသီးသီးတွင် ပါဝင်ကြသည့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း (COVID-19)ရောဂါပိုးတွေ့ရှိမှု ပိုမိုလာသည့်အတွက် ဆက်လက်အရှိန်အဟုန်အမြှင့်ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ထုတ်ပြန်ကြေညာချက်များကို ပြည်သူများ အထူးဂရုပြု လိုက်နာပေးကြရန်များထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က (COVID-19)ရောဂါဖြစ်ပွားသည့်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း စဉ်များ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် လုံခြုံရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက (COVID-19)ရောဂါဖြစ်ပွားသည့်ကာလအတွင်း ချင်းပြည်နယ်အတွင်း နယ်စပ်ဂိတ်အဝင်အထွက်များ၊ မြို့နယ်များအတွင်း မြို့ဝင်၊မြို့ထွက် ဆောင်ရွက်ထားမှုအခြေနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် Volunteer ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ချင်းပြည်နယ်အတွင်း (COVID-19)ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေး ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများကို လည်းကောင်း၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးတို့က (COVID-19) ရောဂါဖြစ်ပွားသည့် ကာလအတွင်း (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း၊ ဟားခါးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဟားခါးG.T.I ​ကျောင်းအုပ်ကြီးတို့က ဟားခါးမြို့၌ Facility Quarantine Center ထားရှိမည့် နေရာများကိုလည်းကောင်း၊ သက်ဆိုင်ရာကော်မတီအသီးသီးမှ ရှင်းလင်းဆွေးနွေးကြပြီး ရှင်းလင်းဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားကြောကြားခဲ့ကြောင်း သိရှိရသည်။

စာစုများ -