တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၆) ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်        ဇန်နဝါရီ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့အ တည်ပြုလူနာ Case -126018 ၊ Case-126019၊ Case- 126020၊ Case- 126021၊Case- 126612 နှင့် Case -127284 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ဇန္နဝါ ရီ  ၁၂ ရက် (ယနေ့)နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၄င်းပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊မြို့မရပ်ကွက်နေ အသက် (၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊တီးတိန်မြို့နယ်၊အန်းလန်းကျေးရွာနေ  အသက် (၁၃) နှစ်အရွယ် အမျိုးသားတစ်ဦး၊တီးတိန်မြို့နယ်၊ဆွလိမ်ကျေး ရွာနေ အသက် (၄၅) နှစ်အရွယ် အမျိုး သားတစ်ဦး၊ပလက်ဝမြို့နေ အသက် (၃၄)နှစ်အရွယ်အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာနေ အသက် (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ် သည်။ ယခုလတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၁၉)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -