တီးတိန်မြို့နယ်၊ တွီးထန်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်       ဇန်နဝါရီ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိိုးတွေ့အတည်ပြုလူနာ (၁)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊တွီးထန်တိိုက်နယ်ဆေးရုံတွင် ယခုလတ်တလောအချိန်၌ ဆေး ကုသမှုခံယူသည့် ပိုးတွေ့အတည်ပြုလူနာမရှိကြောင်း သိရသည်။ ၄င်းအပြင် ပိုးတွေ့သူများနှင့် ထိတွေ့၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ (၁၅)ဦးအား ဇန်န ဝါရီ ၁၂ ရက်နေ့က ၄င်းတို့၏ swab နမူနာများကိုရယူ ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ် -၁၉ ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။ တွီးထန်ကျေးရွာ Facility Quarantine Center တွင် ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့သူ(၁၅)ဦးနှင့် နိုင်ငံခြားမှ ပြန်လာသူ(၂)ဦး အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားဆဲဖြစ်ကြောင်း၊ ၄င်းတို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း တွီးထန်တိုက်နယ်ဆေးရုံမှ သိရသည်။

စာစုများ -