တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာတစ်ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်       ဇန်နဝါရီ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ Case -126372 ၊သည် ကျန်းမာရေးကောင်းမွန်သဖြင့် ဇန်နဝါ ရီ  ၁၃ ရက်(ယနေ့)နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ၄င်းပိုးတွေ့လူနာသည် တီးတိန်မြို့၊လွယ်ဘွာလ်းရပ်ကွက်နေ အသက်(၄၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သည်။ ယခုလတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၁၈)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

စာစုများ -