မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး တွန်းဇံမြို့၌ ဆောင်ရွက်

တွန်းဇံ          ဇန်နဝါရီ၁၃

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် မြို့ပေါ်ရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တွန်းဇံမြို့နယ်မီးသတ်တပ်ဦးစီးမှူး ဦးအောင်ဆောက်ဦးဆောင်၍ မြို့ပေါ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရေးအတွက် အများပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များနှင့် အရေးယူဆောင်ရွက်မည့် စည်းကမ်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည် နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စာစုများ -