ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိကြောင်း ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ ရိခေါ်ဒါရ်မြို့၌ အနံမရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့နှင့်အတူ၎င်းတို့နှင့် ထိတွေ့ခဲ့သည့် အမျိုးသား တစ်ဦးတို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် Swab
ရယူကာ တီးတိန်မြို့သို့ စစ်ဆေးရန်ပို့ဆောင်ခဲ့ရာ ၎င်းပုဂ္ဂိုလ် သုံးဦးတို့၏ Swab အဖြေမှာကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂိုလ် သုံးဦးတို့အား ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံသို့ ထားရှိခဲ့ပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ပုဂ္ဂိုလ် သုံးဦးတို့နှင့်ထိတွေ့သူများအား စုံစမ်းစစ်ဆေးပြီး Test Kit ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

စာစုများ -