ချင်းပြည်နယ်၊တီးတိန်မြို့၌ ဇန်နဝါရီ ၁၅ ရက်နေ့ က ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ (၇)ဦးထပ်မံတွေ့ရှိကြောင်း သိရသည်။
တီးတိန်မြို့၊စကောလမ်းရပ်ကွက်ရှိ အထက -၁ Facility Quarantine Center ၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုထားရှိသူ (၁၀)ဦးနှင့် လွယ်ဘွာလ်းရပ်ကွက်ရှိ အလက (ခွဲ)-၅ တွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုထားသူ(၉)ဦးတို့၏ swab နမူနာများကို RDT ဖြင့်ဓာတ်ခွဲစစ်ဆေးရာ တစ်ဦးတွင်
ကိုဗစ်ရောဂါ ပိုးတွေ့ရှိကြောင်း၊မြို့မရပ် ကွက်ရှိ အလက(ခွဲ)-၂ တွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှု ထားသူ (၈)ဦးတို့၏ swabနမူနာများကို Gene Xpert ဖြင့် ဓာတ်ခွဲစစ်ဆေးရာ (၆)ဦးတွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
၄င်းပိုးတွေ့လူနာတို့သည် တီးတိန် မြို့နယ်၊မြို့မရပ်ကွက်နေ အသက် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၅၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊အသက် (၆၀) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် (၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၄၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် လွယ်ဘွာလ်းရပ်ကွက်နေအသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြကြောင်း၊ယခုလတ်တလောအချိန်တွင်တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ (၅၄)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / တီးတိန်၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ (၇) ဦး ထပ်မံတွေ့ရှိဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!