ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့လူနာ (၃)ဦးဆေးကုသမှုခံယူရန် ဇန်နဝါရီ ၁၅ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်က လိုင်တွီးကျေးရွာတွင်နေထိုင်ကြသည့် အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဇန်နဝါရီ၁၆ ရက်နေ့ (ယနေ့) နံနက် ၁ နာရီက တီးတိန်မြို့နယ်၊ဘွင်ကျေးရွာနေ အ သက်(၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးတို့ ရောက်ရှိကြပြီး ဆေးကုသမှုခံယူလျက်ရှိသည်။
၄င်းအပြင် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ပိုးတွေ့အတည်ပြုလူနာ (၇)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ယခုလတ်တလော အချိန်တွင်တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ (၅၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။