ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့မရဲစခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးလှစိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ဆောက်က မိမိတို့အိမ်အတွင်းချက်ပြုတ်နေစဉ် ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊မိမိတို့အိမ်အတွင်း တပ်ဆင် အသုံးပြုလျှက်ရှိသည့်
လျှပ်စစ်မီးကြိုးများဆိုင်ရာသိကောင်းစရာများ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းသိကောင်း စရာများကို ရှင်းလင်းဟောပြောသည်။ ထို့နောက် တပ်ဖွဲ့ဝင်များ၊တပ်ဖွဲ့ဝင်မိသားစုများကို မီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက်သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ တွန်းဇံမြို့၌ကျင်းပဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!