ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အဖွဲ့မှ ထန်တလန်မြို့နယ် သီကီရ်ကျေးရွာရှိ တိုက်ပွဲရှောင် ပြည်သူများအား အလှူငွေများ၊အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း​ရေးမှူးဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ထန်တလန်မြို့နယ် သီကီရ်ကျေးရွာရှိတိုက်ပွဲရှောင် ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဇန်နဝါရီ ၁၆ရက်နေ့က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တိုက်ပွဲရှောင် ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် ထောက်ပံ့ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ဆက်လက်ကျင်းပခဲ့ရာ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ပြည်သူများမှလက်ခံရယူကြပြီး တိုက်ပွဲရှောင် ပြည်သူများကိုယ်စား ဦးကျော်ဆန်းကကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့က စောင်အထူ (၃၂)ထည်၊စောင်အပါး(၃၂)ထည်၊ ဖော့ဖျာ(၃၂)ချပ်၊ ငါးပိ(၄၀)ပိဿာ၊ငါးခြောက်(၄၀)ပိဿာ၊ငရုတ်သီးခြောက် (၂၀)ပိဿာကိုလည်းကောင်း၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စောင်(၆၂)ထည်၊ဆန်(၃၀၀)အိတ်၊ဆီ(၃၇၂)ပိဿာ၊ကုလားပဲ(၃၇၂)ပိဿာ၊ဆား(၁၀၆)ပိဿာနှင့်ဟားခါးခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ ထန်တလန်မြို့နယ်ပညာရေးဌာနမှ ထောက်ပံ့ငွေကျပ်(၅)သိန်း၊ ထန်တလန်မြို့နယ်နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ထောက်ပံ့ငွေကျပ်(၁၅၅၀၀၀)စုစုပေါင်းထောက်ပံ့ငွကျပ်(၁၆၅၅၀၀၀)ကိုလည်းကောင်း တိုက်ပွဲရှောင်အိမ်စောင်စု(၃၁)စု၊လူဦးရေ(၁၆၀)ဦးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

စာစုများ -