ကျီခါးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံအသိပေးဆောင်ရွက်

ကျီခါး     ဇန်နဝါရီ၁၉ 

 ချင်းပြည်နယ်  ၊  ဖလမ်းခရိုင် ၊  ကျီခါးမြို့မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများသည်  ပွင့်လင်းရာသီရောက်ရှိလာသဖြင့်  ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့်အသိပညာဗဟုသုတရရှိစေရန်နှင့်မီးဘေးအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်၍  ယနေ့ နံနက်(၁၀)နာရီအချိန်က ကျီခါးမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့မီးသတ်ဦးစီးဌာနမှ တာ၀န်ခံ လက်ထောက်ဦးစီးမှူးဦးကမ်းဆွင်းမုန်ဦးဆောင်သည့်မီးသတ်တပ်ဖွဲ့၀င် များက ကျီခါးမြို့ပေါ်ရှိ ပြည်သူများအား မီး‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်‌ရေးနှင့်မီးဘေးအန္တရာယ်မှကင်းဝေးစေရန်အတွက် အိမ်တိုင်းတွင်မီးသတ်ဆေးဗူးများထားရှိရန်၊မီးချိတ်မီးကပ်၊ရေပုံး၊သဲပုံးနှင့် လှေကားများထားရှိရန်၊အိမ်တွင်းမီးဖိုမီးများ အသုံးပြုနေစဉ်သတိပြု ဆောင်ရွက်ရန်နှင့်အသုံးမပြုသည့်အချိန် မီးကြွင်းမီးကျန်များမကျန်ရှိ စေရေးစနစ်တကျဆောင်ရွက်ရန်၊သက်တမ်းလွန်ဟောင်းနွမ်း‌နေသည့် လျှပ်စစ်ဝါယာကြိုးနှင့်မီးခလုတ်များအသုံးမပြုရန်၊နေအိမ်ပတ်၀န်းကျင် များ၌ မီးလောင်လွယ်သည့်အရာဝတ္ထုပစ္စည်းများ၊ လောင်စာများ ရှင်းလင်းထားရှိရန်နှင့်မြို့တွင်းဓါတ်ဆီ၊ဒီဇယ်ဆီများသိုလှောင်ထားခြင်း၊ရောင်းချခြင်းများမပြုလုပ်ရန်စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း စုပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စာစုများ -