COVID-19​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ မှတစ်ဆင့် နိုင်ငံတော်သို့ အလှူငွေများ ပေးအပ်လှူဒါန်း

ဟားခါး                   ဇန်နဝါရီ                  ၂၁

          COVID-19​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ မှတစ်ဆင့် နိုင်ငံတော်သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၂၁ ရက်နံနက် ၁၀နာရီခွဲအချိန်က ဟားခါးမြို့၊ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ချင်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းနှင့် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း စုစုပေါင်းအလှူငွေကျပ် သိန်း(၂၀)ကို COVID-19​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ မှတစ်ဆင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း တို့က လက်ခံရယူ ခဲ့ကြကြောင်းသိရှိရသည်။

          COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော်မှ အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်နည်းတူ COVID-19​ ရောဂါကုသရေးအတွက် COVID-19​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဟားခါးခရိုင်(ပြန်/ဆက်)

စာစုများ -