ဟားခါးမြို့ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် ပလက်ဖောင်း အမှတ်အသားများ အသစ်ပြန်လည်ဆေးသုတ်ခြင်းဆောင်ရွက်

ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေးနှင့် ယာဉ်ရပ်နားနေရာများ၊ ယာဉ်ရပ်နား၍မရသည့်နေရာများကို အများပြည်သူပိုမို သိရှိလိုက်နာနိုင်စေရေးအတွက်ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် ပလက်ဖောင်းများအသစ်ပြန်လည်ဆေးသုတ်ခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ကဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းများအသစ်ပြန်လည်ဆေးသုတ်ခြင်းကို ပလက်ဖောင်းအရှည် ၃မိုင်ကျော်ဆေးသုတ်သွားမည်ဖြစ်ကြောင်းနှင့် ဖြူနီပလက်ဖောင်းများကို ဆေးသုတ်ပြီးစီးကြောင်း၊ဆက်လက်၍ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ရှိ ဝါနက်ပလက်ဖောင်းများအသစ်ပြန်လည် ဆေးသုတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ(AE) ဦးဇာအုပ်ထန်းထံမှ သိရှိရသည်။ ဟားခါးမြို့ပေါ်တွင် ယာဉ်စီးနင်းသူ လူဦးရေပိုမိုများပြားလာသည်နှင့်အမျှယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို ပြည်သူများပိုမိုသိရှိစေရေးနှင့်လမ်းအမှတ်အသားများ ပိုမိုထင်ရှားစေရေးအတွက် အသစ်ပြန်လည်ဆေးသုတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စာစုများ -