တီးတိန်မြို့နယ်၊မိုင်နွဲကျေးရွာ၌ ဆိုလာမီး တပ်ဆင်ပေး

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊မိုင်နွဲကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ အီတလီချေးငွေဖြင့် NEP(IT-1) ဆိုလာမီးတပ်ဆင်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ က်နေ့တွင် တီးတိန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ထန်ငိိုက်လွန်း(အငယ်တန်းအင်ဂျင်နီယာ- ၂)နှင့် တာဝန်ရှိသူတို့က
ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀- ၂၀၂၁ခု၊ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာအိမ်ခြေ (၉၁)အိမ်ရှိသည်အနက် (၆၀)ဝပ်များကို ပြည်သူထည့်ဝင်ငွေကျပ်၅၀၀၀၀/-ဖြင့် (၂၈)လုံးနှင့် (၁၀၀)ဝပ်များကို ပြည်သူထည့်ဝင်ငွေကျပ်၁၅၀၀၀၀/-ဖြင့် (၃၉)လုံးကိုလည်းကောင်း၊အများပြည်သူနှင့်သက်ဆိုင်သည့် အခြေခံပညာအလယ်တန်းကျောင်းတွင် (၃၈၀)ဝပ် (၁)လုံး၊ ဘာသာရေးဘုရားကျောင်း (၃)ကျောင်းတွင် (၁၉၀)ဝပ် တစ်လုံးစီနှင့် လမ်းမီးတိုင် (၅)တိုင် ကိုလည်းကောင်း၊တပ်ဆင်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါဆိုလာမီးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကိုEarth renewable Energy ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ခြင်းဖြစ် ကြောင်း တီးတိန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

 

စာစုများ -