ဟားခါးမြို့၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း)ရှင်းလင်းပွဲကျင်းပ

ဟားခါး             ဇန်နဝါရီ           ၁၀

            ချင်းပြည်နယ်လူငယ်ရေးရာကော်မတီနှင့်ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာနတို့ပူးပေါင်း၍ မြန်မာ နိုင်ငံလူငယ်ရေးရာမူဝါဒမဟာဗျူဟာစီမံချက်(မူကြမ်း)ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ဟားခါးမြို့ CACC  ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဉက္ကဌ ၊ ပြည်နယ်လူမှု ရေးဝန်ကြီးဉီးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာ အေး ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်း ရေးမှူး ဉီးလျန်ဆွင်းပြောင်နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

            ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဉက္ကဌ ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန် က အမှာစကားပြောကြားပြီး ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီ အတွင်းရေးမှူး ဉီးလျန်ဆွင်းပြောင်၊တွဲဖက်အတွင်းရေးမှူး  ဉီးLian Bawi တို့က မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက်(မူကြမ်း)ကဏ္ဍ(၁၆)ခုတွင် ပါဝင်သည့် စီးပွားရေးကဏ္ဍ၊ မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးကဏ္ဍ ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ ၊ သုတေသနအခန်းကဏ္ဍ ၊ ပညာရေးကဏ္ဍနှင့်အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍ စသည့်ကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

            ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာကြသူများ၏သိရှိလိုသည့် အချက် များအား ချင်းပြည်နယ်လူငယ်ရေးရာကော်မတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရှိရသည်။

                                                                                                                        ကျော်စွာ(ပြန်/ဆက်)

စာစုများ -