(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားစည်ကားသိုက်မြိုက်စွာဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ချင်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဟားခါး             ဇန်နဝါရီ           ၁၀

            ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ၂၀ရက်နေ့တွင်ကျရောက်မည့်(၇၂)နှစ်မြောက် ချင်းအမျိုးသား နေ့ကိုယခုနှစ်တွင်ထန်တလန်မြို့၌ကျင်းပပြုလုပ်သွားမည်ဖြစ်ရာချင်းတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု၊ဓလေ့ထုံးစံများ၊ရိုးရာယဉ်ကျေးမှုအမွေအနှစ်များမပျောက်ပျက်စေရေး၊ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီခမ်းနားထည်ဝါစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ၉ရက်နံနက် ၁၀ နာရီခွဲအချိန်က ထန်တလန်မြို့ Diamond Jubilee Memorial ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်၊၊

            ဆက်လက်ပြီး ချင်းအမျိုးသားနေ့ပွဲတော်ကျင်းပရေးဉီးစီးကော်မတီဉက္ကဌနှင့်လုပ်ငန်း ကော်မတီ အသီးသီးတို့ကကော်မတီအလိုက်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်ကလုပ်ငန်းကော်မတီအလိုက် တင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီးနောက်အခမ်းအနားတွင် ပြခန်းများ၊ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲ များကျင်းပမည့်နေရာများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်၊ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဉီးဝင်းမြင့်ကျော် ၊ ပြည်နယ်စာရင်းစစ်ချုပ်ဉီးလာလ်တင်မန်း ပြည်နယ်လွှတ်တော်ဒုတိယဉက္ကဌ ဉီးတိတ်ထန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်းနှင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကျင်းပရေးဉီးစီးကော်မတီ နှင့်လုပ်ငန်းကော်မတီအသီးသီးတို့မှ ဉက္ကဌများ ၊ အတွင်းရေးမှူးများ ၊ တွဲဖက်အတွင်းရေးမှူးများနှင့်အဖွဲ့ ဝင်များ ၊မြို့မိ၊မြို့ဖများတက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားနေ့ပွဲတော်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထန်တလန်မြို့၌စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

                                                                                                            ကျော်စွာ(ပြန်/ဆက်)

စာစုများ -