ချင်းပြည်နယ် ကျီခါးမြို့ တွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အတွက်အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟားခါး             ဇန်နဝါရီ           ၁၃

            ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပြည်နယ်အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ ကျီခါးမြို့တွင် ကျင်းပ ပြုလုပ်မည့်ကလေးစာပေပွဲတော်အတွက် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ဟားခါးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

            အစီအစဉ်အရ ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌ ဒေါ်စန်းစန်းမိုး   ကကျီခါးမြို့တွင်ပြုလုပ် မည့် ကလေးစာပေပွဲတော်တွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားပြီ:နောက်ပြည်နယ်အမျိုးသမီးရေးရာဉက္ကဌနှင့်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်ဒေါ်နှင်းအိခိုင်တို့က အလှူငွေကျပ် (၁) သိန်းကိုပေးအပ်ရာ ချင်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ဉီးခမ်လျန်ဆုမ်းနှင့် ခရိုင်ဉီးစီးမှူး ဉီးမြင့်နိုင်စိုးတို့က လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဉီးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

            ချင်းပြည်နယ် ဖလမ်းခရိုင်၊တွန်းဇံမြို့နယ် ကျီခါးမြို့၌ပထမဉီးဆုံးအကြိမ်ကလေးစာပေပွဲတော်ကို အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၁၈)ရက်၊ (၁၉)ရက် နေ့တို့တွင်ကလေးစာပေပွဲတော်ကို ကျင်းပရန် လျာထားလျက်ရှိကြောင်း၊  ကလေးစာပေပွဲတော် (ကျီခါး)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ကြောင်းသိရှိရသည်။

                                                                                                                        မြင့်နိုင်စိုး(ပြန်/ဆက်)

စာစုများ -