ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဟားခါးကောလိပ်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

ဟားခါး                           ဇန်နဝါရီလ                             ၁၇


            ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဟားခါးကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးကောလိပ်၊ ဘက်စုံခန်းမ၌ကျင်းပရာ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီးနောက် ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ် က စီမံ/ဘဏ္ဍာဌာနနှင့် သင်ကြားရေးဌာနမှူးများအား မိတ်ဆက်ခြင်းနှင့် မောင်မယ် သစ်လွင်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

         ဆက်လက်ပြီး ဦးအန်ဂျေလူးစ်လိုင်ဘွေဦး (ဌာနမှူး−စီမံ/ဘဏ္ဍာ)က စီမံ/ဘဏ္ဍာဌာန ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဦးပြည်ငြိမ်းဟန်(မော်ကွန်းထိန်း-သင်တန်းရေးရာဌာန) မှ သင်တန်းရေးရာဌာန၏ သိကောင်းစရာများကိုလည်းကောင်း၊ ဒေါ်မိုးစံပယ် (ဌာနမှူး၊ မြန်မာစာဌာန) မှ ဝိဇ္ဇာဘာသာရပ်များဆိုင်ရာများကိုလည်းကောင်း၊ ဒေါက်တာဆန်လှေး (ဌာနမှူး၊ ရူပဗေဒဌာန) မှ သိပ္ပံဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ ဦးအောင်ညီညီဝင်း (ဌာနမှူး၊ စက်မှုအင်ဂျင်နီယာဌာန)မှ နည်းပညာဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ ဦးကျော်မျိုးသူ (ဌာနမှူး၊ ကွန်ပျူတာစနစ်နှင့် နည်းပညာမဟာဌာန) က ကွန်ပျူတာဘာသာရပ်ဆိုင်ရာ များကိုလည်းကောင်း ဘာသာရပ်တစ်ခုချင်း အလိုက် မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဟားခါးကောလိပ် ကျောင်းအုပ်ကြီး၊ သင်ကြားရေးဌာနမှူးများ၊ မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသားကျောင်းသူများ က စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

                                                                                                            ကျော်စွာ(ပြန်/ဆက်)

စာစုများ -