(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့နှင့်(၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဝဘဏ်လီမိတက်၏ဘဏ်ခွဲ(၆၅)ခုမြောက်၊ ဟားခါးဘဏ်ခွဲဖွင့်လှစ်


၂၀၂၀ပြည့်နှစ် ၊ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့နှင့်(၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အင်းဝဘဏ်လီမိတက်၊ဟားခါးဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က အဆိုပါ ဘဏ်ခွဲရှေ့၌ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဝီကော ၊ အင်းဝဘဏ်လီမိတက်မှတာဝန်ရှိသူများ ၊ဘဏ်ဝန်ထမ်းများနှင့်ဖိတ်ကြားထားသောဧည့်သည်တော် များ၊ ရပ်မိ၊ရပ်ဖများနှင့်ဒေသခံပြည်သူများတက်ရောက်ကြသည်။ရှေးဉီးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဉီးဝီကော နှင့် အင်းဝဘဏ်လီမိတက်အုပ်ချုပ်မှုဒါရိုက်တာတို့က အင်းဝဘဏ်လီမိတက်၊ ဟားခါးဘဏ်ခွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်က ဟားခါးဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသည့် တာဝန်ရှိ သူများကဘဏ်ခွဲကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့ အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း ပေးပြီး ဘဏ်အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။ယနေ့ဖွင့်လှစ်သည့် အင်းဝဘဏ်လီမိတက် ၊ ဟားခါးဘဏ်ခွဲသည် (၆၅)ခုမြောက်ဘဏ်ခွဲဖြစ်ပြီး အမှတ် (၁၅၀)ဗိုလ်ချုပ်လမ်းနှင့်မြို့ပတ်လမ်းထောင့် အကွက်အမှတ်(၂) ၊ ဉီးပိုင်အမှတ်(၁၂၇) ၊ မြို့သစ်ရပ်ကွက် ဟားခါးမြို့တွင်ဖွင့်လှစ်ထားရှိကာ အပ်ငွေများလက်ခံခြင်း ၊ ငွေစုဘဏ်လုပ်ငန်းဆောင်ရွက်ပေးခြင်း ၊ ငွေလွှဲ လုပ်ငန်းများဆောင်ရွက်ပေးခြင်း ၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ချေးငွေများထုတ်ချေးပေးခြင်း ၊ ဘဏ်အာမခံ ( Bank Guarantee)အမျိုးမျိုးထုတ်ပေးခြင်း ၊ Debit Card များထုတ်ပေးခြင်းစသည့် ဘဏ်ဝန် ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုများပေးနေပြီဖြစ်ကြောင်း ၊ အင်းဝဘဏ်လီမိတက်အနေဖြင့် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း(၉)ရာခိုင်နှုန်း ၊ စာရင်းသေအပ်ငွေ အပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက်စုဆောင်းသည့်အချိန်ကာလအပိုင်းအခြားအလိုက် မူတည် ၍ (၁၀)ရာခိုင်နှုန်းအထိအတိုးနှုန်းများပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းမတည်ရင်းနှီးလုပ်ကိုင်လိုသူများ အတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
crd-ကျော်စွာ(ပြန်/ဆက်)

စာစုများ -