ချင်းပြည်နယ်ထန်တလန်မြို့တွင်(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

ချင်းပြည်နယ်ထန်တလန်မြို့တွင်ကျင်းပပြုလုပ်သည့်(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်တက်ရောက်
****************************************************************************
ဟားခါး ဖေဖော်ဝါရီ ၁၂
ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့တွင် ကျင်းပြုလုပ်သည့် ပြည်နယ်အဆင့် (၇၃)နှစ် မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုယနေ့နံနက်ပိုင်းကထန်တလန်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဘောလုံးကွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ နံနက်၅နာရီခွဲအချိန်တွင် အလံတင်အခမ်းအနားကိုကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌဉီးဇိုဘွဲ ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဉီးတိုးဝင်း ၊ ပြည်နယ်၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး နိုင်ငံတော်အလံ အားဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြခဲ့သည်။ ဆက်လက်ပြီးနံနက်၇နာရီတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဉီးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာကိုပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်က ဖတ်ကြားခဲ့သည်။
ယင်းနောက်(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများဖွင့်ပွဲကို ဆက်လက် ကျင်းပရာ ပြခန်းများဆောက်လုပ်ကြီးကြပ်ရေးကော်မတီဉက္ကဌပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီးဉီးမာန်ဟင်းဒါးလ်က ပြခန်းများပြသရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများသည် ဌာနဆိုင်ရာ ပြခန်းများအတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့တက်ရောက်လာကြသူများအား ဟားခါးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဉီးစီးဌာနမှ(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များနှင့်၂၀၂၀ပြည့်နှစ်ဖေဖော်ဝါရီ၁၃ရက်နေ့တွင်ကျရောက်မည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ စောင်များအခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရ သည်။
မြင့်နိုင်စိုး(ပြန်/ဆက်)

စာစုများ -