ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ


ချင်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဉက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများအား မတ်လ ၁၂ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဉက္ကဌ ဒေါက်တာမောင်မောင်မြင့်က ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင်လက်ရှိဖြစ်ပေါ်နေသောအခြေအနေများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များလေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်းကောင်း ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ HoD Mr. Stephen ကချင်းပြည်နယ်၊ပလက်ဝမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပူးပေါင်းဆောင် ရွက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးတိုးဝင်းတို့က ဆွေးနွေးတင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီးပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
crd;  ကျော်စွာ(ပြန်/ဆက်)

စာစုများ -